ယုံကြည်စိတ်ချရ သော၊ ခရီးစဉ်တလျှောက်လုံး စိတ်ချမ်းသာအောင် စီစဉ်ပေးနိုင်သော Travel Agent ကျွန်တော်တို့ မိသားစု ၂၀၁၉ အစပိုင်းမှာ ဗုဒ္ဓဂါယာဘုရားဖူး ခရီးစဉ်၊ နယူးဒေလီ၊ Taj Mahal/ Agra Fort နဲ့ နီပေါရဲ့ Pokhara မြို့လေးကို ဟိမဝန္ဘာတောင်တန်းကြီးကို သွားကြည့်ရန် ခရီးထွက်ဖြစ်ခဲ့ပါတယ်။ ခရီးစဉ်ကို ၆လ ၇လ လောက်ကြိုစီစဉ်ခဲ့ပါတယ်။ ဦးထွဋ်အောင်ကြည်က အလွန်စိတ်ရှည်ပြီး ဆက်ဆံလို့ အဆင်ပြေပါတယ်။ အလွန်ဂျီးများပြီး မေးခွန်းများလှတဲ့ ကျတော့်ကို စိတ်တိုင်းကျ စီစဉ်ပေးပါတယ်။ ခရီးစဉ်တစ်လျှောက်လုံး ကျတော်တို့ ၄ ယောက်အဖွဲကို ကားတစ်စီး ကြီးကြီး၊ သီးသန့် ဂိုက်တစ်ယောက်၊ ကားဒရိုင်ဘာနဲ့ စပါယ်ယာ စီစဉ်ပေးတဲ့ အတွက် သက်တောင့်သက်သာ ရှိပြီး အဆင်ပြေလှပါတယ်။ စီစဉ်ပေးတဲ့ ဟိုတယ်တွေ၊ အစားအသောက် တွေလဲ (သူ့နေရာ ဒေသ အလိုက် လုံလောက်အောင်) အဆင့်မြင့်ပြီး အဆင်ပြေလှပါတယ်။ India ကို ခရီးသွားဖူးတဲ့ မိတ်ဆွေတွေနဲ့ တွေ့ဆုံ ပြောဆိုဖူးပါတယ်။ တချို့ဆို နောက်တခါ ပြန်မသွားချင်လောက်အောင် စိတ်ပျက်သွားတဲ့ သူတွေရှိပါတယ်။ ကျတော်တို့ ကတော့ အဆင်ပြေ ချောမွေ့လို့ နောက်အခါခါ ပြန်သွားချင်စိတ်ရှိလှပါတယ်။ စိတ်ချမ်းသာမှု၊ သက်တောင့်သက်သာရှိမှု၊ အဆင်ပြေ ချောမွေ့မှုကို ဦးစားပေးတဲ့ သူတွေ၊ ကိုယ်မိသားစုလေးပဲ သီးသန့်သွားလိုသူတွေ အတွက် အထူး ညွှန်းလိုတဲ့ Travel & Tours လေးဖြစ်ပါတယ်။
Myanmar Interlink Services Travel & Tour @2026.Developed by Digital Dots